Blogger Widgets
ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ညောင်ပင်ကျောင်းတိုက် ..နွားထိုးကြီးမြို့ မှ...လှိုက်လှဲစွာ..ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....

Sunday, February 1, 2015

မြတ်ပညာ ပညာရေးမိသားစု၏ (၂)နှစ်မြောက် ပညာရေးအလှူတော်

ညောင် ပင် | Sunday, February 01, 2015 | Best Blogger Tips
နွားထိုးကြီးမြို့ အမှတ်​(၅)ရပ်
မြတ်​ပညာ​ဘော်​ဒါပညာ​ရေးမိသားစု ဆရာမ ​ဒေါ်ဥမ္မာမြတ်​နှင့်​ ​ကျောင်းသား​ကျောင်းသူများမှ အာစရိယပူ​ဇော်​ပွဲ အမှတ်​တရအဖြစ်​ ဘုန်း​တော်​ကြီးသင်​ပညာ​ရေး(မူလတန်းလွန်​)​ကျောင်း ​ညောင်​ပင်​​ကျောင်းတိုက်​တွင်​ ပညာသင်​ကြား​ရေးအ​ထောက်​အကူပြု ပင်​မ​ငွေပ​ဒေသာပင်​(၁၀၇၀၀၀)တစ်​သိန်းခုနှစ်​​ထောင်​ကျပ်​နှင့်
ဗလာစာအုပ်​ ၁၀ ဒါဇင်​ ​ဘော့ပင်​ ၃ ဒါဇင်​ တို့ကို ဦးဥတ္တမသာရ (ဒု နာယက )​ကျောင်းအုပ်​ဆရာ​တော်​ထံသို့ လှူဒါန်းပါသည်

www.​nyaungbin.com
nyaungbin439@gmail.com

Thursday, January 29, 2015

ပညာပါရမီကုသိုလ်

ညောင် ပင် | Thursday, January 29, 2015 | Best Blogger Tips
ဘုန်းတော်ကြီးသင်ပညာရေးညောင်ပင်ကျောင်းတိုက်  ကျောင်းသားကျောင်းသူလေးများ
 ရေရှည်ပညာသင်ကြားနိုင်ရန်အတွက် ဦးဝိမလ (ဓမ္မာစရိယ) မိုးကုတ်နယ်လှည့်ဓမ္မကထိက
မှ ပညာရေးအထောက်အကူပြု ပင်မငွေပဒေသာပင်အလှူတော်ငွေ (၅၀၀၀၀၀) ငါးသိန်းကျပ်ကို ဒု နာယက ကျောင်းအုပ်ဆရာတော်အထံဆက်ကပ်လှူဒါန်းပါသည်၊

Tuesday, December 30, 2014

(( လူနာ မေးတတ်ပါစေ ))

မိန်နွေ( ငါန်းဇွန်) | Tuesday, December 30, 2014 | Best Blogger Tips



လူနာမေးတာများ အဆန်းလုပ်ပြီးရေးရသလားလို့ စာဖတ်သူထင်ချင်ထင်နေပါလိမ့်မယ်။ ဟုတ်ပါတယ်။ တကယ်ကို ဆန်းလို့ရေးလိုက်တာပါ။ သင်ကော လူနာမေးတတ်ပါလားလို့ မေးရင် သင်ဘယ်လိုဖြေမလဲ။
အမှန်တော့ လူနာမေးတယ်ဆိုတာ လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ လူတော်တော်များများကလည်း လူနာကို မမေးတတ်ပါဘူး။ လူနာစားဖို့ မုန့်ပဲ၊သရေစာဝယ်လာမယ်။ ပြီးရင် ဘာဖြစ်တယ်၊ညာဖြစ်တယ် မေးမယ်။
ဒါပါပဲ။ ဒါက ခင်ဗျားတို့ ၊ကျွန်တော်တို့ လုပ်ရိုးလုပ်စဉ်ကြီးပါ။ အမှန်တကယ်က လူနာမေးခြင်းဟာ ဝေဒနာရှင်လူနာကို အားပေးတဲ့စကားတွေ တ၀ကြီးပြောရမှာပါ။ တစ်ချို့သော လူတို့က လူနာလာမေးတဲ့အခါမှာ
လူနာကို အားပေးစကားပြောတာနည်းနည်း၊ စည်းမရှိ ကမ်းမရှိ ဘေးကလူနဲ့စကားပြောပြောများများဖြစ်နေပါတယ်။ စကားမပြောနဲ့မဟုတ်ပါဘူး။ ပြောပါ။

((( ငွေတစ်သိန်း )))

မိန်နွေ( ငါန်းဇွန်) | Tuesday, December 30, 2014 | Best Blogger Tips


( အဖေ ဘာလို့ ညညအရက်တွေသောက်ပြီး ပြန်လာတာလဲဟင်)
( အော် သားရယ် ၊ အဖေက အရက်ကို သောက်ချင်လို့မှမဟုတ်ပဲ။ စီးပွားရေးအရသောက်တာပါ။ အဖေနဲ့ ရှယ်ယာထည့်ဝင်ထားတဲ့လူတွေနဲ့ ဆုံတဲ့အခါ၊ စီးပွားရေးစကားပြောတဲ့အခါမှာပဲ သောက်တာပါ)
( ဒါဆို အဖေက နေ့တိုင်း စီးပွားရေးအရ သောက်လာတာပေါ့နော်)
( အေးပေါ့သားရ)
( အဖေ့ အလုပ်က တစ်ရက် ဘယ်လောက်ရလဲဟင်)
( အဲလိုပြောလို့ မရဘူးသား။ အဖေက လခစားမှမဟုတ်တာ။ အဖေတို့ အသေးစားလုပ်ငန်းက တစ်လကို ကိုယ်ပိုင်ဝေစုအနည်းဆုံး သိန်းသုံးဆယ်လောက်တော့ရတယ်။ ဘာလဲ ငါ့သားက မုန့်ဖိုးလိုချင်လို့လား)
( မဟုတ်ပါဘူးအဖေရာ ----)

((( အမေပင်ပန်းမှာ စိုးလို့ )))

မိန်နွေ( ငါန်းဇွန်) | Tuesday, December 30, 2014 | Best Blogger Tips

ယဉ်ယဉ်ဆိုတာက ယောက်ျားဆုံးသွားတဲ့ တစ်ခုလပ်မလေးရယ်ပါ။ သူမမှာ လေးတန်းအရွယ်သမီးလေးတစ်ယောက်ရှိပါတယ်။ သူမက ကုမ္ပဏီတစ်ခုရဲ့ စာရင်းစစ်ဝန်ထန်းဆိုတော့ လစာကလည်း လုံလောက်အောင်မရပါဘူး။
တစ်ခါတစ်လေ သူမရဲ့ မိဘတွေဆီကို ချေးငှါးပြီးသုံးနေရပါတယ်။ အလုပ်ဆိုလည်း တကယ်ကိုကြိုးစားတဲ့သူပါ။ အိမ်မှာရှိတဲ့ တိုလီမုစ္စအလုပ်တွေတောင် ကိုယ်ကိုယ်တိုင်လုပ်ပါတယ်။ လစာကလည်းနည်းတော့ သူများတွေလိုအိမ်အကူတွေ မငှါးနိုင်ဘူးလေ။
တစ်ပတ်မှာ တနင်္ဂနွေတစ်ရက်သာနားရတဲ့ သူမအတွက်

((( Facebook ပေါ်က သင်၏အောင်မြင်မှု )))

မိန်နွေ( ငါန်းဇွန်) | Tuesday, December 30, 2014 | Best Blogger Tips

အောင်မြင်မှုဆိုတာ ကိုယ့်ရဲ့လက်ရှိဘ၀ကနေ အဆင့်မြင့်ပြောင်းလဲလာမှု။ ကျွန်တော်ဒီလိုပဲ အဓိပ္ပါယ်ဖွင့်ဆိုချင်တယ်
ဘာဖြစ်လို့လဲဆိုတော့ ပြောင်းလဲလာမှုတိုင်းလည်း အောင်မြင်မှုမဖြစ်နိုင်ပါဘူး။ တခါတလေပြောင်းလဲလာမှုက
ကျရှုံးခန်းတွေ၊ အားငယ်မှုတွေ၊စိတ်ပျက်မှုတွေလည်းဖြစ်လာနိုင်ပါတယ်။ အဲဒီတော့ ကျွန်တော်ပြောချင်တာက
အဲဒီ ပြောင်းလဲမှုတွေထဲကနေ လက်ရှိဘ၀ထက် အသိပညာ၊ အတတ်ပညာနဲ့ ဗဟုသုတတွေတိုးမြင့်လာတာကို
အောင်မြင်မှုတစ်ခုလို့ ဆိုချင်ပါတယ်။ ဒီအဓိပ္ပါယ်ကို မိတ်ဆွေအပါအ၀င် အားလုံး အယူအဆကွဲလွဲနိုင်ပါတယ်။
Facebookဆိုတဲ့ ကွန်ယက်က ရှာဖွေတတ်မယ်၊ လေ့လာတတ်မယ်ဆိုရင် ကျွန်တော်တို့အတွက်

((( အသေခံမလား ၊ နိုင်အောင်တိုက်မလား)))

မိန်နွေ( ငါန်းဇွန်) | Tuesday, December 30, 2014 | Best Blogger Tips


အသေခံမလား၊ နိုင်အောင်တိုက်မလား ဆိုတာနဲ့ မိတ်ဆွေရဲ့ဦးနှောက်ထဲမှာ တစ်ခုခုတော့ တွေးနေမှာပါ။ ကျွန်တော်တို့မှာ ပြေးလို့မလွတ်နိုင်တဲ့ရန်သူနဲ့ရင်ဆိုင်နေရပြီဆိုပါစို့။ မိတ်ဆွေအနေနဲ့ အဲဒီရန်သူကို နိုင်အောင်တိုက်မလား၊ ဘာမှမလုပ်ပဲ အသက်သေခံမလား။
ကျွန်တော်ကတော့ လုံးဝမနိုင်ဘူးဆိုရင်တောင် အဲဒီရန်သူကို ကျွန်တော်မသေခင်အထိ ဆက်လက်တိုက်ပွဲဝင်နေမှာပါ။ အလကားနေပြီးတော့ အသက်အသေမခံနိုင်ပါဘူး။ တကယ်လို့များ ကိုယ်ကပြန်ပြီးတိုက်ခိုက်တဲ့အချိန်မှာ အကြောင်းတစ်ခုခု၊ ဒါမှမဟုတ်
ကံကြမ္မာက ကိုယ့်ဘက်မှာရှိနေခဲ့ရင် ကိုယ်ဟာ အဲဒီရန်သူကို မလွဲမသွေအနိုင်ရလာမှာပါ။
ဥသြငှက်ဟာ သူရဲ့အဥကို ဥဖို့ ကျီးကန်းသိုက်ထဲက ကျီးကန်းဥတွေကို ဖယ်ထုတ်ပစ်တတ်ပါတယ်။ များသောအားဖြင့်ပါ။ တစ်ချို့ဥသြငှက်တွေကတော့ အဲဒီကျီးကန်းသိုက်ထဲမှာပဲ ကျီးကန်းဥတွေနဲ့

((( သင် အမှန်တကယ် ငြိမ်းချမ်းရေးရချင်သလား)))

မိန်နွေ( ငါန်းဇွန်) | Tuesday, December 30, 2014 | Best Blogger Tips



သင်ဟာ အမှန်တကယ်ငြိမ်းချမ်းရေးလိုချင်သူ ဟုတ်၊မဟုတ် သင်၏ လုပ်ဆောင်ချက်က တစ်ဖက်လူကို သိစေနိုင်သည်။ သင်သည် ငြိမ်းချမ်းရေးလိုချင်သည်ဟု နေရာတိုင်းတွင် ခပ်ဖွာဖွာပြောဆိုသုံးနှုံးနေသော်လည်း သင်ပေးသည့် မှတ်ချက်နှင့် သင်ရေးသားသော
စာလုံးများက ငြိမ်းချမ်းရေးလမ်းစဉ်နှင့် ကွဲလွဲနေလျှင် သင်သည် အမှန်တကယ်ငြိမ်းချမ်းရေးလိုချင်သူမဟုတ်ပါ။ ငြိမ်းချမ်းရေးသည် ဘက်လိုက်၍ မရပါ။ အတုလုပ်၍ မရပါ။ ကမ္ဘာပေါ်တွင် အဘယ့်ကြောင့် မငြိမ်းချမ်းပဲ စစ်ပွဲများဖြစ်နေပါသနည်းဟူသော
မေးခွန်းကို သီတဂူဆရာတော်ကြီးက ( လောဘ တရားတစ်ခုတည်းကြောင့်

((( ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်သလဲ )))

မိန်နွေ( ငါန်းဇွန်) | Tuesday, December 30, 2014 | Best Blogger Tips


ခေါင်းဆောင်ဆိုတာ လူတစ်စု၊နယ်ပယ်တစ်ခု၊ အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်ခုကို ဦးစီးဦးဆောင်ပြုတဲ့သူလို့ ဆိုချင်ပါတယ်။ လူသားတိုင်းမှာ ဘယ်သူမဆိုခေါင်းဆောင်ဖြစ်ချင်ကြတာချည်းပါပဲ။
နောက်လိုက်ဆိုတာမျိုးက ခေါင်းဆောင်ရဲ့စေခိုင်းမှုအတိုင်းလုပ်ရတာဆိုတော့ ဘယ်သူမှနောက်လိုက်မလုပ်ချင်ကြပါဘူး။ ခံစားခွင့်ပိုင်းဆိုင်ရာ၊ အလေးပေးမှုပိုင်းဆိုင်ရာ၊ လုပ်ပိုင်ခွင့်ပိုင်းဆိုင်ရာအားလုံးဟာ ခေါင်းဆောင်ဖြစ်မှ ရတာဆိုတော့
ခေါင်းဆောင်ဆိုတာတဲ့နေရာကို လူတိုင်းမျက်စောင်းလေးဖြစ်ဖြစ် ထိုးကြတာပါပဲ။ အားမတန်လို့ မာန်လျော့ရတဲ့ဘ၀ဖြစ်နေပေမယ့် ဘယ်လိုလုပ်ရင်ခေါင်းဆောင်ဖြစ်မလဲလို့ အမြဲတမ်းတွေးတောပြီး ကြံစည်လုပ်ကိုင်နေတဲ့ လူတွေတောင်ရှိနေပါသေးတယ်။

Monday, November 10, 2014

မင်းကွန်းဆရာတော်ကြီး၏ မဟာဗုဒ္ဓဝင်

ညောင် ပင် | Monday, November 10, 2014 | | Best Blogger Tips