Blogger Widgets
ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ညောင်ပင်ကျောင်းတိုက် ..နွားထိုးကြီးမြို့ မှ...လှိုက်လှဲစွာ..ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....apk ဒေါင်းနိုင်ပါသည်

Sunday, January 20, 2013

နေ့အာဟာရကုသိုလ်

nyaungbin | 8:12:00 AM | Best Blogger Tips

၂၀.၁.၂၀၁၃  ပြာသိုလ်လဆန်း(၉)ရက်နေ့ နွားထိုးကြီးမြို့ သာသနာနုဂ္ဂဟ အလှူရှင်များမှ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ညောင်ပင်ကျောင်းတိုက်ရှိ ကျောင်းသားကျောင်းသူများကို ကြာဇံဟင်းခါးဖြင့် နေ့အာဟာရဒါနပြုပါသည်။



မေတ္တာရှင်ဆရာတော်အရှင်ဇ၀န အမှူးထား၍ နွားထိုးကြီးမြို့ သာသနာနုဂ္ဂဟ အလှူရှင်များသည် ပရိယတ္တိသာသနာတော်ထွန်းကားပြန့်ပွားစေရန်ရည်သန်၍ မြို့ပေါ်ရှိ ပထမပြန်နှင့် စာချတန်းဝင်စာဖြေသံဃာတော်(၇၀)ပါးတို့အား  မပင်မပန်း ရွှင်လန်းစွာဖြင့် သာသနာ့တာဝန်ထမ်းဆောင်နိုင်ရန်ရည်သန်သမှုအာရုံပြု၍
ပထမငယ်တန်းတစ်ပါးလျှင် န၀ကမ္မ၀တ္ထု(၅၀၀၀)
ပထမလတ်တန်းတစ်ပါးလျှင်န၀ကမ္မ၀တ္ထု (၇၅၀၀)
ပထမကြီးတန်းတစ်ပါးလျှင် န၀ကမ္မ၀တ္ထု (၁၀၀၀၀)
စာချတန်းဝင်တစ်ပါးလျှင် န၀ကမ္မ၀တ္ထု (၁၅၀၀၀)နှင့်  စာအုပ် ဘောပင်အစရှိသောပစ္စည်းဆယ်မျိုးစုစုပေါင်းတန်ဖိုး
(၁၁) သိန်းကို သံဃာတော်များအားလှူဒါန်းပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်ဘုရားမှ အနုမောဒနာတရားချီးမြှင့်ပါသည်။
နတ်လူသာဓုခေါ်စေသော်.......

No comments: