Blogger Widgets
ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ညောင်ပင်ကျောင်းတိုက် ..နွားထိုးကြီးမြို့ မှ...လှိုက်လှဲစွာ..ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....apk ဒေါင်းနိုင်ပါသည်
Tuesday, January 29, 2013
ဘာသာကြီးလေးမျိုးအကြောင်းစာအုပ်လေးပါ
Unknown | 10:20:00 AM | Best Blogger Tips
ဘာလို့ အခုလိုပြောရလဲ ဆိုတော့ ဒီစာအုပ်က ဘာသာလေးခုကို တစ်ထိုင်ထဲ
လေ့လာလို့  ရတဲ့အတွက်ပါ ကိုယ့်ဘာသာမဟုတ်ပေမယ့်လည်း လေ့လာထား
သင့်ပါတယ် ဒါမှ ဆောင်ရန် ရှောင်ရန် တွေကို ကြိုတင်သိရှိပြီး လူမှုဆက်ဆံရေး
နယ်ပယ်မှာ ကျင်လည်စွာ လှုပ်ရှား ရုံးကန်နိုင်မှာ ဖြစ်ပါတယ် ဘာသာတစ်ခုရဲ့
အလေ့အထလေးတွေ သိထားမှ ကောင်းမယ်လို့ ထင်ပါတယ် မလေးရှားလာမှ
 မွတ်စလင်ဘာသာကို ဒီစာအုပ်ဖတ် ပြီး အသေချာလေ့လာဖြစ်တယ် ဘာသာ
တရားရဲ့ သမိုင်းကြောင်း ကိုလည်းသိတယ် ခရာစ်ယာန် သူငယ်ချင်းတွေ ရှိတော့
လည်း ဆွေးနွေး ပြောဆိုနိုင်မယ် ဟိန္ဒူဘာသာလည်း လေ့လာဖြစ်တယ် ယုံတာ
မယုံတာ လက်ခံတာလက်မခံတာက သဘောထားကွဲလွဲခွင့်ရှိပါတယ် အလုပ်မှာ
က နီမောကူးမား(ဟိန္ဒူ) စောအယ်စာထူး(ခရာစ်ယာန်) ချာဟီဒန်က မွတ်စလင်
အမောင်က ဗုဒ္ဓဘာသာ အားလုံးနဲ့ သင့်တင်မျှတအောင်ပေါင်းတယ် လူတိုင်းမှာ
လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသလို အဆင်ပြေသလို သဘောထားကွဲနိုင်ပါတယ်
ကမ္ဘာ မှာ ပညာတတ်တွေ ပညာရှင်တွေ အဆိုးအကောင်း အကျိုးအကြောင်းကို
ဝေဖန်ပိုင်းခြားနိုင်တဲ့  လူတော်တွေ  အများကြီးပဲ  အားလုံး အဆင်ပြေ ယုံကြည်
ရာကိုးကွယ်ကြတာမလို့  မဝေဖန်တတ်ပါဘူး လေ့လာရုံ သိထားရုံပဲ ဒီစာအုပ်ကို
ဖတ်ရှု ဖြစ်ပါတယ်  သူငယ်ချင်း  တစ်ယောက်က  တောင်းဆိုတာနဲ့  အမှတ်တရ
တင်ပေးလိုက်ပါတယ်What is Buddha? ကို သူဌေးက  မေးလာတာနဲ့ ဒီစာအုပ်
ကိုလမ်းညွှန်လိုက်ပါတယ် တောင်းတာကြာပါပြီ 2လပိုင်း တရုတ်နှစ်သစ်ကူးအမှီ
တင်ပေးပါတဲ့ ဒေါင်းလို့ မရတဲ့ သူများက မေးနဲ့ တောင်းနိုင်ပါတယ် မေးထဲကနေ
ပို့ ပေးပီးသားဆိုတော့    လူအများကြီးကို အလွယ်တကူ ပြန်ပို့ လို့ လွယ်ပါတယ်
ကိုယ်လည်း ဗုဒ္ဓဘာသာပြောတာ သူ့ လိုအမေးခံရရင်  ဘယ်လိုရှင်းပြမလဲနော
လေ့လာဖတ်ထားတဲ့ စာအုပ်တွေအရ မှိသလောက်ရှင်းပြလိုက်ပါတယ် လူတိုင်း
မှာ ကံ ဆိုတာရှိတယ် ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် မကောင်းတာ
လုပ်ရင် မကောင်းတာဖြစ်မယ်ပေါ့ မကောင်းတာလုပ်နေလည်း ခုဘ၀မှာ ချမ်း
နောက်ဘ၀ခံရမှာ  ပဲလေ  ခရာစ်ယာန်က  နောက်ဘ၀မရှိဘူး သေပီးရင် ပြန်
လည်ရှင်သန်ထမြောက်ရမှာပဲ  ဘုရားသခင်က ကယ်မှာ ဟိန္ဒူက လည်း ရာမ
ခရစ်ရှနားကပြောထားတယ် ဘာညာနဲ့  လာတာ.....။ကဲကွာ.. ကြာသလားလို့ 
ဘုရားက ဘယ်ဆီမသိဘူး လူချင်းချမလား ဟေ့ကောင်ဘာညာပြန်ရှဲတာပေါ့
ဟုတ်ဘူးလား ရှင်းမှမတတ်တော့တာ ဒီနည်းပဲရှိတာ ခုဒီစာအုပ်လေးကတော့
ဘယ်ဘာသာမဆို ဖြေရှင်းနိုင်မှာပါ......။
(1)What is buddha?
(2)What is islam?
(3)What is Christain ?
(4)What is Hindi?
စာအုပ်ကို ဒီမှာသွား ယူပါ ဘာသာကြီးလေးခု အနှစ်သာရများ (ညိုသောင်း)
ဓမ္မနှင့်စာပေနန်းတော်သို့လာရောက်သူအပေါင်းကိုယ်စိတ်နှစ်ဖြာ ကျန်းမာလို့ ချမ်းသာကြပါစေ.. ရှာဖွေစုဆောင်းထားသမျှတရားတော်များအားအားလုံးနာကြားပူဇော်နိုင်ရန်အလို့ငှါ ပြန်လည် စုစည်းတင်ပြထားပါသည်...ဗုဒ္ဓတရားတော်များနဲ့တစ်ကွ စာရေးဆရာများ၏ ရသ စာပေများကိုလည်း ဖတ်ရှု ခံစားနိုင်ပါတယ်နော်... ဖတ်လိုသောစာပေများအား C-Box တွင်ရေးသားတောင်းဆိုခဲ့နိုင်ပါတယ်..... လေးစားစွာဖြင့်
<<< မန်ဘာဝင်ပြီး... အားပေးကြပါနော် >>>
www.ninilayy.com
No comments: