Blogger Widgets
ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ညောင်ပင်ကျောင်းတိုက် ..နွားထိုးကြီးမြို့ မှ...လှိုက်လှဲစွာ..ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....apk ဒေါင်းနိုင်ပါသည်

Monday, June 10, 2013

((( မိတ်ဆွေလော ၊ ရန်သူလော )))

ငါန်း ဇွန် | 2:41:00 AM | Best Blogger Tips

( ၁ )
 မြစ်သည်ကွေ့ကောက်
ဒိုက်သရောက်ပေါ
သဲသောင်တောကြား ၊ သူမနားပဲ
ရေများ ဒလဟော စီးဆင်းခဲ့ ။
( ၂ )
တရံတခါ
တောမြိုင်မှာဝယ်
ဟုန်းဟုန်းကယ်မီး
တောက်လောင်ကြီးတော့
ရေသည်ပက်ဖျန်း မီးငြိမ်းခဲ့ ။
( ၃ )
ဆူနာမီလှိုင်း
ရေမုန်တိုင်းနှင့် ၊ ရေကြီးရေလျှံ
သည်ရေဒဏ်ကြောင့်
လူ့ထံရောက်လာ ၊ ချမ်းသာမဟုတ်
ဒုက္ခယုတ်တို့ စည်ပင်ခဲ့ ။
( ၄ )
ခရီးကပန်း
ရေချမ်းကြောင့်ရွှင်
ထုံကျင်နွမ်းချိ ၊ ညောင်းညာထိလင့်
ရေနှင့်ဆွတ်ဖြန်း
ပျောက်ချင်စမ်းကြောင့်
အမောင့်ငါ့မှာ ၊ ရေသည်မိတ်လော
ရန်သူလောဟု
သို့လော သို့လော စဉ်းစားလျှက်  ။   ။

4.5.2013
လေးစားစွာဖြင့်
မိန်နွေ

No comments: