Home » » စစ်မီးအမြန်ငြိမ်းပါစေ

စစ်မီးအမြန်ငြိမ်းပါစေ




 ကျည်သံ ဗုံးသံ
သေနတ်သံနှင့်
ဆဲသံဆိုသံ
အော်ငေါက်သံကြောင့်
မပြန်နေရပ်
စွန့်ခွါထွက်၍
ဤရပ်ဒေသ ရောက်ခဲ့၏။

ငါပိုင်ကျွဲနွား
မြေယာများနှင့်
သက်ထားကလျာ
ကြင်ယာနှင့်သား
သမီးများလည်း
သေကွဲလေလော
ရှင်ကွဲလောဟု
မနောစိတ်ထဲ
ဝေခွဲမရ
ပိုင်သမျှဝေး
စွန့်ခွါပြေးရင်း
ကြည်အေးဒေသ  ရောက်ခဲ့၏။
ဤသို့ဒုက္ခ
ဤဘယနှင့်
ဝမ်းကတစ်ထွာ
နှိုးဆော်တာကြောင့်
လက်မှာခွက်ထား
တောင်းရမ်းစားရင်း
သီချင်းတစ်ပုဒ်
ညဉ်း၍ထုတ်မည်
စစ်မီး အမြန်  ငြိမ်းပါစေ ။     ။

( ကသာရောက်အမှတ်တရ )

လေးစားစွာဖြင့်
မိန်နွေ
၁။၆။၂၀၁၃

0 မှတ်ချက်:

Popular

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ညောင်ပင်ကျောင်းတိုက် ..နွားထိုးကြီးမြို့ မှ...လှိုက်လှဲစွာ..ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....apk ဒေါင်းနိုင်ပါသည်
 
Support : ညောင်ပင်(ဘ.က) | ဓမ္မစကူးလ် | သင်တန်းကျောင်း
Copyright © 2011. ဘ.က ညောင်ပင်ကျောင်း - All Rights Reserved
nyaungbin439@gmil.com by nyaungbin
www.facebook.com/nyaung.bin.9 by nanda