Blogger Widgets
ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ညောင်ပင်ကျောင်းတိုက် ..နွားထိုးကြီးမြို့ မှ...လှိုက်လှဲစွာ..ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....apk ဒေါင်းနိုင်ပါသည်

Saturday, July 20, 2013

(( မြန်မာပြည်ကြီးပွားဖို့ ))

ညောင် ပင် | 3:25:00 AM | Best Blogger Tips




ထိန်ညီးလျှံ ခြေရင်းက
မီးဇာစ ဖယောင်းလို
ကြီးစွာပ မေတ္တာယို
ခန္ဒွာကိုယ် သူလောင်ကျွမ်း
စေတနာ စွမ်းရည်မှန်
အမှောင်ထံ လင်းစေလို့ ခမ်း  ။

မြစ်ရေများ စီးလို့ဆန်
ပမာကြံတင့်လျှမ်း
ကရုဏံ ပြည့်လွှမ်းပ
မသန်စွမ်း သူ့ဆီ
အားငယ်သူ ဖေးမလို့
ပရမို့ အားထုတ်ဖို့ရည် ။

ရွက်ပုန်းတို့ ညှိုးမငီအောင်
စိတ် ၊ ၀စီ  ကာယဖြင့်
ပြုလုပ်ကြ ခွန်အားဆောင်
သက်ဆုံးထိအောင် ။

ကိုယ့်အတွက် မငဲ့ကွက်ပေါင်
နာဂါတ်နောင် စည်ပင်ပွား
ကလေးများတိုးတက်ကာဝယ်
ပွားကြီးမယ်  မြန်ပြည်ပေါ့လေး  ။    ။

×××××××======××××××
ရွက်ပုန်းကို  မသန်စွမ်းသော ကလေးငယ်ဟု မှတ်ပါ။

လေးစားစွာဖြင့်
မိန်နွေ
12.7.2013  PM: 09:40:00