Blogger Widgets
ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ညောင်ပင်ကျောင်းတိုက် ..နွားထိုးကြီးမြို့ မှ...လှိုက်လှဲစွာ..ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....apk ဒေါင်းနိုင်ပါသည်

Saturday, July 20, 2013

အလွမ်းဝေစီ ကမ်းဧရာဝတီ

ညောင် ပင် | 3:36:00 AM | Best Blogger Tips


ဆည်းဆာက နီ
မြစ်နဒီ ကမ်းဧရာဘေး
ကဖေးဆိုင်တည်၊
ပလိန်းတမည် ၊ ကျစိမ့် ဖန်ချိုရယ်နှင့်
မွေးဋ္ဌာနီ အညာမြေလွမ်းလို့
ထိုင်ဖို့လာပြီ ။

လှမဒီ ယမင်းပျို ရှုစမ်း
ကမ်းနဒီ ကဖေးဆိုင် ဗဟိုရ်က
အပွင့်ဝေစီ ခရေပင်ပျိုတို့
အအေးကယ်ပို လေပြေချိုကြောင့်
ရဟတ်ပမာ ဝေ့၀ဲကာဖြင့်
ပန်းခရေ ကြွေလို့
မြင်သူရင် ကိုင်ကာလှုပ်တယ်
( အိုကွယ်) လွမ်းမောဖွယ် ကမ့်း။။။။



လေးစားစွာဖြင့်
မိန်နွေ

( မှတ်ချက်)  အောင်မြင်ခဲ့သော ကသာမြို့ဘေးက ဧရာဝတီမြစ်သို့အမှတ်တရ။။။။  နောက်ဆုံးညတွင်        
လက်ဖက်ရည်သောက်ခဲ့သည် ။   ။

No comments: